Sunday 26 June 2011

ထာဝရလွမ်းနေခွင့်ပြုပါ

ချစ်ရက်နှင့် အတွေ့ခက်တဲ့
မနက်ဖန်ပေါင်း များစွာကို
မောင်
ဘယ်လိုရင်ဆိုင်ရမလဲ....ခက်
ချစ်တိုင်းမညား
ညားတိုင်းမချစ် ဆိုတဲ့ စကားပုံလေးကို
မတွေ့ခဲ့ရင်တောင်မှ
နှိုင်းမရသော.....မေတ္တာ
မေ့မရသော.....အတိတ်
တွေးမရသော...ပစ္စုပ္ပန် နှင့်
မဖြစ်နိုင်တဲ့......အနာဂတ် မှာ
ထာဝရလွမ်းနေခွင့် ပြုပါ.....ခက်ရယ်

No comments:

Post a Comment