Sunday 26 June 2011

ထာဝရလွမ်းနေခွင့်ပြုပါ

ချစ်ရက်နှင့် အတွေ့ခက်တဲ့
မနက်ဖန်ပေါင်း များစွာကို
မောင်
ဘယ်လိုရင်ဆိုင်ရမလဲ....ခက်
ချစ်တိုင်းမညား
ညားတိုင်းမချစ် ဆိုတဲ့ စကားပုံလေးကို
မတွေ့ခဲ့ရင်တောင်မှ
နှိုင်းမရသော.....မေတ္တာ
မေ့မရသော.....အတိတ်
တွေးမရသော...ပစ္စုပ္ပန် နှင့်
မဖြစ်နိုင်တဲ့......အနာဂတ် မှာ
ထာဝရလွမ်းနေခွင့် ပြုပါ.....ခက်ရယ်

Saturday 25 June 2011

လွမ်းဆွတ်ခြင်း

အတူဆုံခဲ့တဲ့ အချိန်တွေကို
ဝေးသွားမှ ပိုသတိရမိတယ်ခက်
ဖြစ်နိုင်မယ်ဆိုရင်လေ
ပြက္ခဒိန်လေးကို
ပြန်ပြီးတော့ ရေးလိုက်ချင်တယ်
အတိတ်ရဲ့
ခက်နှင့်တွေ့ခဲ့တဲ့
နေ့ရက်များဆီသို့ပေါ့